2012-05-26
စနေ, 26 မေ 2012
By ရော်နီညိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မှာ ရောက်ရှိနေစဉ်၊ ဇွန်လ(၂)ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လဒုက္ခသည်စခန်းကို သွားရောက် မှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးသောမယ်လဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစု ကြည် ရောက်ရှိလာတဲ့အခါ ဒီစခန်းထဲက ပညာသင်ကြားမှု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေ ကို လေ့လာမှာဖြစ်တယ်လို့၊ ဒီစခန်းရဲ့တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို သွားရောက်မှာ ဖြစ်သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဦးရော်နီညိမ်းက တင်ပြပေးပါလိမ့်မယ်။
25 May 2012
By KNG
အသုဘ ပွဲပြုလုပ်ရန် နွားပစ်ယူရာမှစပြီး မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်ပြည်သူ့စစ်တပ်ဖွဲ့ (MHH) ကြား မြစ်ကြီးနားမြို့မှ ၁၁ မိုင်ကျော်အကွာတွင် ၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ ပြောသည်။
မြန်မာ လူထု၏ လျှပ်စစ် စွမ်းအင် ရရှိရေး ဆန္ဒ ထုတ်ဖေါ်မှုများကို အေးဆေး ညင်သာစွာ ဖြေရှင်းသင့်ကြောင်း၊ အကြမ်း ဖက်ဖို့မသင့်ကြောင်း၊ ဒီကိစ္စသည် စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာတွင် ဖြစ်တတ်သည့် ပြသနာများပင်ဖြစ်ကြောင်း သဘောထား သင့်သည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာ အစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိ ပေးလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသား ထားပါသည်။ Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ မေလ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပြီးသော်လည်း အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS နှစ်ဖက် တပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်မြို့ အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၆၅) မှ တပ်ဖွဲ့ဝင်အချို့က ပုံပါကျင်မြို့နယ် အတွင်း SSA ဒေသအုပ်ချုပ်ရေး တပ်ဖွဲ့ဝင်များ အခြေချရာ လွယ်ငွမ်းတောင်သို့ ၀င်ရောက်လာသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း SSA ဒု-ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိန်းက အခုလို ပြောသည်။
အစိုးရတပ်နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ (၁၇) နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အချိန် တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုလို အခြေအနေမှာ KIA က အင်အားသစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ဒေသထဲမှာ ထွက်ပေါ်နေခဲ့ပါတယ်။

မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။












